သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီက သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီ‌အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုံးယိမ်းညသီချင်းဖြင့်လည်းကောင်း၊ ပြည်ထောင်စုအင်အားသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ပါသည်။

 ထို့နောက် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲဝင်များအား အကဲဖြတ်အဖွဲ့ဒိုင်ချုပ်မှ ပြိုင်ပွဲ၏ စည်းကမ်းချက်များပြောကြားပြီး ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ရာ ကာယအလှမယ်(၁၀)ဦးနှင့် လှယဉ်ကျေးမယ်(၁၄)ဦးတို့မှ စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ကာယအလှမယ်(၁၀)ဦးအနက် ဆန်ကာတင်(၅)ဦးနှင့် လှယဉ်ကျေးမယ်(၁၄)ဦးအနက် ဆန်ကာတင်(၅)ဦးတို့က ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီးဖျော်ဖြေပွဲအစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။

ထို့နောက် ကာယအလှမယ်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိသည့် ကာယအလှမယ်များနှင့် လှယဉ်ကျေးမယ်များကို သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲအခမ်းအနားသို့ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး၊ သင်္ဃန်းကျွန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူး၊ တာမွေမြို့နယ်ပညာရေးမှူး၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းအောင် (ခရိုင်ပြန်/ဆက်)