တောင်ကြီး ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုလဲအားကစားခန်းမနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့အာဟာရကျွေးမွေးရာတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၁၈၀) ဦးနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၁၁၁) ဦးတို့အား မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က အာဟာရကျွေးမွေးခြင်း၊ စနစ်မှန် လက်ဆေးပေးခြင်းနှင့် နေ့လယ်စာ စားပြီး စနစ်မှန်သွားတိုက်ခြင်းများအား လက်တွေ့ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင် (တောင်ကြီး ၊ ပြန်/ဆက်)