ပင်လောင်း ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်လူငယ်ရေးရာကော်မတီကော်မတီမှ ကြီးမှူးဖွင့်လှစ်သော Physical Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ၁၁ နာရီအချိန်က မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်သည်။
ဦးစွာ သင်တန်းသား/သင်တန်းသူများက Fitness Dance သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများအားဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း၊ အဆိုပါသင်တန်းကို နည်းပြနှစ်ဦးဖြင့် ဇန်နဝါရီလ ၂၀ ရက်မှ ၂၉ ရက်နေ့ထိ သင်ကြားပေးပြီး၊ သင်တန်းသား/သင်တန်းသူ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်