လိပ်သိုဒေသရှိ နနွင်းတက်များ တူးဖော်ရောင်းချချိန် ဈေးကောင်းရရန် မျှော်လင့်

လိပ်သို ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နနွင်းကို ရရှိသည့်မြေနေရာပေါ်မူတည်၍ စိုက်ပျိုးထားရှိကြရာ ယခုနှစ်တွင် နနွင်းတက်များကို ဆောလျင်စွာ တူးဖော်ရောင်းချနေခဲ့ကြသော်လည်း ယမန်နှစ်ထက် နနွင်းတူးဖော်ချိန်တွင် ဈေး ကောင်းမရရှိသောကြောင့် နနွင်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများက မိသားစုစားဝတ်နေရေးအတွက် ရရှိသည့် ဈေးနှုန်းဖြင့်ပင် ရောင်းချနေကြသော်လည်း စိုက်ခင်းကျယ်များဖြင့် စီးပွားဖြစ်စိုက်ပျိုးထားကြသူများက နနွင်းတက်များကို တူးဖော်ရန်၊ ချွေရန်၊ ပြုတ်ရန်နှင့် အခြောက်လှန်းရန်အတွက် အလုပ်သမားစရိတ်၊ ထင်းနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုတို့ကြောင့် နနွင်းစိုက်ခင်းပိုင်ရှင်များက မတူးဖော်နိုင်ကြသေးကြောင်းနှင့် နနွင်းစိုက်ခင်းပိုင်ရှင်အချို့မှာ အခင်းပြတ် သီးစားစနစ်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။

ယမန်နှစ်က နနွင်းတက် အခြောက်တစ်ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်ဈေးရရှိခဲ့ပြီး ယခုနှစ် နနွင်းရာသီတွင် နနွင်းတက် အစိုတစ်ပိဿာကို (၁၂၀ဝိ/-) ကျပ်နှင့် အခြောက် တစ်ပိဿာကို (၇၀၀ဝိ/-) ကျပ်မှ (၉၀၀ဝိ/-) ကျပ်အထိသာ ဈေးရရှိနေသဖြင့် ဈေးကောင်းရရှိလာရန် နနွင်းစိုက်ပျိုးတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်