Polytechnic University (ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ Polytechnic University (ပင်လုံ)တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာ ထွန်းမြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့  နည်းပညာနှင့်ကွန်ပျူတာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပထမနှစ်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများက အဆို၊ အက၊ တေးသီချင်း၊ သရုပ်ဖော်အကအလှများဖြင့် ဖျော်‌ဖြေတင်ဆက်ကပြကြပြီးနောက် ပထမနှစ် ကျောင်းသား/သူ King & Queen ရွေးချယ်ခြင်းများ ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

လွိုင်လင်မိုး