ဖြူး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများသိရှိစေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးအောင်ကျော်မိုးက ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များနှင့်သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်း၊ ဖြူးမြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ဦးစီးမှူးဦးချမ်းဟိန်းလင်း မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ ၃၀၀ ဦးခန့်အား အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)