ကျိုင်းတောင်းမြို့၊ အ.ထ.က(တုန်ဟုန်း)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုင်းတောင်း ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

 ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် အမှတ်(၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးချုပ်ကျော်ထွန်းအောင်မှ အဖွင်အမှာစကားပြောကြားပေးခဲ့ပြီး ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်နှင့် ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းဟန်တို့မှ အမှာစကာပြောကြားပေးခဲ့ကြောင်း သိရပါသည်။ ထို့နောက်တွင် အ.ထ.က(တုန်ဟုန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်မှ ကျောင်းရန်ပုံငွေ ငွေစာရင်းရှင်းတန်းများ ရှင်းလင်းဖတ်ကြားခဲ့ပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက်အဘက်ဘက်မှကူညီပံ့ပိုသူများကို ကျေးဇူတင် စကားပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့နောက်တွင် ဆရာ/ဆရာမများနှင့် ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသူများအား ကျောင်းသား /သူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရပါသည်။ ဖျော်ဖြေမှူများအပြီး ကျိုင်းတောင်မြို့ ကျောင်းရန်ပုံငွေအတွက် ပထမအကြိမ်မြောက် ဆောင်ရွက်သော ဆုမဲအစီအစဉ်မှ ပထမဆု ဆိုင်ကယ်၊ ဒုတိယဆု ဖုန်း၊ တတိယဆု Tvတို့နှင့် နှစ်သိမ့်ဆု ၁၅ ဆုအား အသီးသီးမဲ ဖောက်ပေးခြင်းခြင်းဖြင့် စုံညီပွဲတော်အခမ်းအနား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)