တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါ ကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာမူလတန်းလွန်ကျောင်း Grade-3 မှ ကျောင်းသား၊ ကျောင်းသူလေးများက လမ်းပြကြယ်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲမင်းထွန်းက ပညာရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများကိုပြောကြားခဲ့ကာ ကျောင်းအကျိုးတော်ဆောင် နာယက ဦးစိုးမြင့်က ကျောင်းလုပ်ငန်းလုပ်ဆောင်မှုများအား ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အဘက်ဘက်မှလိုအပ်သည်များကိုပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကာယ၊ ညဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)