(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပဲခူး ဇန်နဝါရီ ၃၁

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာပန်းချီနှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁၀)ဦးအလယ်တန်းအဆင့်(၁၇)ဦး၊ မူလတန်းအဆင့်(၂၁)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်(၇)ဦးအလယ်တန်းအဆင့်(၉)ဦး၊ မူလတန်းအဆင့်(၈)ဦး ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်(၇)ဦးအလယ်တန်းအဆင့်(၁၁)ဦး၊ မူလတန်းအဆင့်(၁၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၇)ဦး၊ စုစုပေါင်းကျောင်းသား/သူ(၁၁၄)ဦးတို့သည် ပြိုင်ပွဲအလိုက် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဖြေဆိုကြသည့် ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)