မြင်းခြံ ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြင်းခြံမြို့ စည်ပင်ယာသာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က ခရိုင်မီးသတ်ဦးစီးဌာနရဲ့ လမ်းညွှန်ချက်များနှင့်အညီ စည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ဆောင်ရန်များ စာတွေ့/လက်တွေ့ ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ဈေးသူဈေးသားများအား လက်တွေ့သရုပ်ပြ ငြှိမ်းသတ်စေခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)