အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် မီးခိုမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အုတ်တွင်း ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကြက်သွန်ခင်း- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောရာတွင် အုတ်တွင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးမင်းဟိဏ်းခန့်က သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတထိန်းသိမ်းရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီးဦးရဲနောင်သွင်က မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကြက်သွန်ခင်း-၂ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စပါယ်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့​ အုတ်တွင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းတက်ရောက်သူဦးရေ(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)