သတင်းများ

ပင်လောင်းမြို့နယ် အ-ထ-ကထီတလိ ဘင်ခရာအဆင့်မြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်းတောင်းကျေးအုပ်စု ထီတလိကျေးရွာ အ-ထ-ကထီတလိ ဘင်ခရာအဆင့်မြင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
မအူပင်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲနှင့် ‌ညွန့်မေတ္တာ‌ဆောင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၁) နာရီကကျင်းပပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် (၂၀၂၄)ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကျင်းပ
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၄) ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆန်းစစ်ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ရပ်စောက်-ရွှေညောင်-တောင်ကြီးမြို့ (ဟဲကယ်) လမ်းအသုံးပြုခကောက်ခံရေးဂိတ် တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု
Feb 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ယမန်နေ့နံနက် ၁၀ နာရီက လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့နှင့် စိုးလွင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ (ဟဲကယ်) လမ်းအသုံးပြုခကောက်ခံရေးဂိတ် မိုင်တိုင်အမှတ် (၂/၃) နှင့် မိုင်တိုင်အမှတ် (၂/၄) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ် စိုက်ပျိုးမွေးမြူရေးအခြေအနေ ကွင်းဆင်းကြည့်ရှု
Feb 01,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း အပတ်စဉ် (၁) ဖွင့်ပွဲကျင်းပ
Feb 01,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း Postgraduate Diploma in Education (PGDip.Ed) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်၍စာအုပ်များငှားရမ်းပေး
Feb 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အ.ထ.က(၁)၊ အ.လ.က(၂)နှင့် အ.လ.က(၃)ကျောင်းများသို့သွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။