အိမ်မဲမြို့နယ်တွင် (၂၀၂၄)ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၄) ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆန်းစစ်ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကိုပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က (၂၀၂၄)ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်းကောင်း၊ ရွာသစ်တိုက်နယ် ဆရာဝန် ဒေါက်တာမိုးသန့်စင်က အိမ်မဲမြို့နယ် ကုသရေးဦးစီးဌာန ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာသော NGO, INGO အဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရာက်ခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)