ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ရပ်စောက်-ရွှေညောင်-တောင်ကြီးမြို့ (ဟဲကယ်) လမ်းအသုံးပြုခကောက်ခံရေးဂိတ် တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု

တောင်ကြီး ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ယမန်နေ့နံနက် ၁၀ နာရီက လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့နှင့် စိုးလွင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ (ဟဲကယ်) လမ်းအသုံးပြုခကောက်ခံရေးဂိတ် မိုင်တိုင်အမှတ် (၂/၃) နှင့် မိုင်တိုင်အမှတ် (၂/၄) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရပ်စောက် - ရွှေညောင် - တောင်ကြီးမြို့ (ဟဲကယ်) လမ်းအသုံးပြုခကောက်ခံရေးဂိတ် မိုင်တိုင်အမှတ်(၂/၃)နှင့် မိုင်တိုင်အမှတ်(၂/၄)ကြားတို့တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးအတွက် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်း လုံးချင်းအိမ်ယာအဆောက်အဦ ၁၄၂ လုံး၊ သောက်သုံးရေရရှိရေးအတွက် အဝီစိတွင်းတူဖော်မည့်မြေနေရာအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)