သတင်းများ

ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၂၄၁)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၄၇၈၉)ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေး
Feb 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။
သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Feb 01,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မြိုသစ်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်း ဆောင်ရွက်
Feb 01,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ဆဋ္ဌမအကြိမ်နှင့် တောမီးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 01,2025
ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကြီးကြပ်မှုကော်မတီမှ ပူးတွဲတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တောမီးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လယ် ၁၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းလိတ်နှင့်ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးမင်းသိန်းအပါအဝင် အဖွဲ့ဝင်(၂၆)ဦး တက်ရောက်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်
Feb 01,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် နယ်စပ်ဖြတ်‌ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်‌‌လျှော့ချရေး အသိပညာပေး
Feb 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ သစ်တောများပြုန်းတီးမှု မဖြစ်ရေးအတွက် ရွေ့ပြောင်းတောင်ယာများ ခုတ်ထွင်ခြင်းမှ ထိန်းသိမ်းမှုရှိလာစေရန်၊ တောင်ယာ၊ ဥယာဉ်ခြံများ မီးရှို့ရာ၌ မီးတားစနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့် ပြည်သူများ၏ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးနိုင်မှုများရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်‌လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Feb 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ယနေ့ နံနက် ၈ နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံအတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ ထားဝယ်ကြီးကျောင်းတိုက်အတွင်း စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ သတ်မှတ်ကြည့်ရှု
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထားဝယ်ကြီးဘုန်းတော်ကြီးကျောင်းခြံဝန်းအတွင်း လူငယ်လူရွယ်နှင့်စာပေချစ်မြတ်နိုးသူများ စာပေဖတ်ရှုနိုင်စေရန်အတွက် ယမန်နေ့ ည​နေပိုင်းက ဆရာတော်နှင့်တပည့်ဒါယကာများက စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာအား ရွေးချယ်​ကြည့်ရှုကြသည်။