ရန်ကင်းမြို့နယ်စာရေးဆရာအသင်းမှစာမူဆုများ ရရှိခဲ့ကြသည့် စာရေးဆရာနှစ်ဦးအား ထပ်ဆင့်ဂုဏ်ပြု
Feb 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စာရေးဆရာအသင်းမှကြီးမှူး၍ စာမူဆုများရရှိခဲ့ကြသည့် ရန်ကင်းမြို့နယ်စာရေးဆရာအသင်း နာယကဒေါ်ခင်သန်းဝင်း(စာရေးဆရာမကြီးကြူကြူသင်း)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအလုပ်အမှုဆောင် ဦးလှတိုး(ဆရာတိုးတက်)တို့အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူးဦးညွန့်တင်(မောင်ငြိမ်းသူကြို့ပင်ကောက်)၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။