သတင်းများ

အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲကျင်းပ
Feb 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Feb 01,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ညောင်ကုန်း(မ)ကျေးရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင်ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ​ဖေဖော်ဝါရီလ ပထမပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး 
Feb 01,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့၊ ပုထိုးဖြူရပ်ကွက်  ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုး  ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ် တပိုတွဲလဆန်း(၄)ရက်၂၀၂၅ ခုနှစ် ယနေ့နံနက်ပိုင်းမှစတင်ကာ နေ့လယ်(၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်  ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ  ရပ်ဝေးရပ်နီးမှ  ရဟန်းရှင် လူပြည်သူများအား  ဖေဖော်ဝါရီလ ပထမပတ်အဖြစ် ဆေးကုသပေးလျက်ကြောင်း  သိရသည်။
အင်္ဂပူမြို့နယ် သံဃနာယအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ​သာသနာ့ဗိမာန်တော်၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Feb 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကအမှတ်(၇) ရပ်ကွက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ တတိယနေ့ဆက်လက်ကျင်းပ
Feb 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဓမ္မာနုဂ္ဂဟစာမေးပွဲကြီးကို၊ တပိုတွဲလဆန်း(၁)ရက်နေ့ ဇန်နဝါရီ(၂၉)ရက်နေ့မှစတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မန်တော်ကြီးတွင် ကျင်းပခဲ့ရာ ဇန်နဝါရီ(၃၁)ရက်နေ့တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒသမအစည်းအဝေး ကျင်းပ
Feb 01,2025
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒသမအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မအူပင်မြို့နယ် သုံခွဆိုင်ကျေးရွာတွင် ရွှေမင်းရတနာကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်လှစ်
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် သိန်း(၁၅၀)ဖြင့်ဆောက်လုပ်ခဲ့သည့် ရွှေမင်းရတနာ ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၃ နာရီခွဲက တော်တလုပ်ကျေးရွာအုပ်စု သုံးခွဆိုင်ကျေးရွာတွင်ဖွင့်လှစ်ပေးခဲ့သည်။