ပင်လောင်းမြို့နယ် အ-ထ-ကထီတလိ ဘင်ခရာအဆင့်မြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပင်လောင်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်းတောင်းကျေးအုပ်စု ထီတလိကျေးရွာ အ-ထ-ကထီတလိ ဘင်ခရာအဆင့်မြင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် အ-ထ-ကထီတလိ ကျောင်းသား၊ ကျောင်းသူ ဘင်ခရာအဖွဲ့မှ စည်းလုံးခြင်းသည်အင်အား၊ ပအိုဝ်းသွီ၊ ချယ်ရီပန်းများပွင့်ရာမြေ တေးသီချင်းများဖြင့် ပုံဖော်တီးခတ်ဖျော်ဖြေပေးခဲ့‌ကြပြီး၊ ဘင်ခရာအဖွဲ့ ဖြစ်‌မြောက်‌ရေးတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးသူများနှင့် နည်းပြဆရာတို့ကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာလူကြီးများက ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြသည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ တက်ရောက်အားပေးခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြု‌ဆုငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)