သတင်းများ

စိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ကုန်ကျစရိတ်သာသည့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်အား ထည့်သွင်းစိုက်ပျိုးသင့်
Feb 01,2025
စိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ကုန်ကျစရိတ်သက်သာသည့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်အား ထည့်သွင်းစိုက်ပျိုးသင့်သည့်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာပိုက်လျှော်အား အဖူးဝင်ချိန်ထွန်စက်ဖြင့် ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကမ်းနီကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ငရုတ်သီးခြောက်များ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိ
Feb 01,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးခြောက်များ အရောင်းအဝယ်ဖြစ်ထွန်းပြီး အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Feb 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေး
Feb 01,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၌ ယနေ့နံနက်(၇:၀၀)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားခဲ့ကြောင်းသိရသည်။
ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ သင်ကြားပို့ချသည့် အခမ်းအနားကျင်းပ
Feb 01,2025
‌ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ သင်ကြားပို့ချသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပရာ ပုသိမ်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ‌ပါမောက္ခဆရာ၊ ဆရာမများ၊ ငပုတောမြို့နယ်အတွင်းရှိ ဘာသာရပ်ဆိုင်ရာ ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး
Feb 01,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဇန်နဝါရီလ ၃၁ ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်ဆရာတော်၏ ဝိဇာတသက်တော်ကူးမင်္ဂလာကျင်းပ
Feb 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလမဉ္ဇူ၏ သက်တော်(၇၅)နှစ်ပြည့် ဝိဇာတသက်တော်ကူး မင်္ဂလာပွဲကို ယနေ့ကျင်းပပါသည်။