ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ် စိုက်ပျိုးမွေးမြူရေးအခြေအနေ ကွင်းဆင်းကြည့်ရှု

ပေါင်းတည် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင်သည် ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ကြူတောကန်ကျေးရွာအုပ်စုအတွင်း၌ တောင်သူများ Drum Seeder ဖြင့် နွေစပါးစိုက်ပျိုးနေမှုများ၊ စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် စိုက်ပျိုးရေရရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် နတ်ပုတီးကျေးရွာရှိဦးကျော်နိုင်၏ ဘဲမွေးမြူခြံ အားကြည့်ရှုအားပေးကာ ပေါင်းတည်မြို့နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အလားအလာကောင်းများရှိကြောင်း၊ လယ်ယာထုတ်ကုန်တိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင်လာစေရေးတို့အတွက် စည်းရုံးဆောင်ရွက်ရေးနှင့် အားပေးကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေသား(IPRD)