တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ  ဖေဖော်ဝါရီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကအမှတ်(၇) ရပ်ကွက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှု များပြားနိုင်​သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်း ပေါက်ပွားမှုမှကာကွယ်နိုင်​ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ် (abate) ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးအေးမိုးက ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)