ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ညောင်ကုန်း(မ)ကျေးရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းခင်းစီမံချက်(၃)အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ထားပြီး ပျော်ဘွယ် မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ(၁၁၄၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)