(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာနှင့် ပြည်စံအောင်ရပ်ကွက်တို့ရှိ စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 01,2025
(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျေးရွာ “ပင်စည်” စာကြည့်တိုက်နှင့် ပြည်စံအောင်ရပ်ကွက်ရှိ “လူထုအလင်း” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ကျင်းပခဲ့ရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။