အင်္ဂပူမြို့နယ် သံဃနာယအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

အင်္ဂပူ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ​သာသနာ့ဗိမာန်တော်၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ကြပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေမစိုးရိမ်ကျောင်း ဆရာတော် မဟာဂန္တဝာဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇယက ဩဝါဒကထာမြွတ်ကြားသည်။

ထို့နောက် ဒုမြို့နယ်အုပ်ချုပ်‌ရေးမှူးဦးစိုးသီဟက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့မှ သံဃာ့အဖွဲ့အစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ ဆရာတော်(၅၂)ပါးကြွရောက်၍ (၂၀)ပါးမှဆန္ဒပေးထားသည့်အတွက် အစည်းအဝေးထမြောက်အောင်မြင်ပါကြောင်း သဘာပတိဆရာတော်ကကြေညာပြီး အစားထိုးရွေးချယ်ခြင်းအား‌ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌကဆရာတော်မှ နိဂုံးချုပ်ဩဝါဒ စကားတမြွတ်ကြားပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)