အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲအား အထက်တန်းအဆင့်တွင် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “လက်ဆင့်ကမ်းထိန်းသိမ်းစို့လေပြည်ထောင်စုအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၁၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၂)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)