ရန်ကင်းမြို့နယ် အမှတ်(၁၅)ရပ်ကွက်ရှိ မိုးကောင်းရတနာဆေးရုံး၌၀န်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးလက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

ရန်ကင်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၅)ရပ်ကွက် မိုးကောင်းလမ်းရှိ မိုးကောင်းရတနာဆေးရုံရှိ၀န်ထမ်းများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြမှုများအား ယနေ့မွန်းလွဲ(၁)နာရီက  သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက န်ထမ်းများအနေဖြင့် မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများ မရှိစေရေး၊ မီးချိတ်မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ရှုပ်ထွေးနေသော ဝါယာကြိုးများနှင့် ဆွေးမြေ့နေသော ဝါယာကြိုးများအား လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ ရေသိုလှောင်န်ထားရှိရန်၊ ရုံးဆင်းရုံးပြန်မိန်းတင် မိန်းချ‌ခလုတ်များ သေချာစွာပြုလုပ်ပြီးမှ အိမ်ပြန်ကြရန် ရှင်းလင်းပြောကြားပေးခဲ့ပြီး  ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ပုံ အဆင့်ဆင့်၊ မီးသတ်ဆေးဘူး အသုံးပြုပုံ အဆင့်ဆင့်ဆေးရုံရှိ Fire Hydrantနှင့်ပါတွဲဖက်၍ လက်တွေ့ရေထွက်စမ်းသပ် သရုပ်ခြင်းတို့အားတို့အား သရုပ်ပြဆောင်ရွက်‌ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်မှ မိုးကောင်းရတနာဆေးရုံရှိ ၀န်ထမ်းအင်အား စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး