ချောင်းဆုံ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများကို ဖေဖော်ဝါရီ(၁)ရက်နေ့က စာသင်းဝိုင်းစုရပ်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများကို ကမာကေးကျေးရွာ၊ ကွမ်သဲကျေးရွာ၊ နတ်မှော်ကျေးရွာနှင့် ကညှော်ကျေးရွာများရှိ သတ်မှတ်သင်ကြားရေးဌာန စုရပ်(၄)ခုတွင် စာသင်ဝိုင်း(၇၃)ဝိုင်း ဖွင့်လှစ်ထားရှိပြီး အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းတက်ရောက်ပြီးစီးသည့် စာသင်သား(၉၄၂)ဦးအား ဆရာ၊ ဆရာမ (၇၃)ဦးတို့မှ ဖေဖော်ဝါရီ(၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ရက်(၆၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)