အုတ်ဖို​မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

အုတ်ဖို ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်ဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ယနေ့နံနက်ပိုင်းက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းကို မိသားစုအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီး အခြားလုပ်ငန်းဆပ်ကော်မတီများ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်းရွက်ခြင်း၊ မိသားစုများအတွက် ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သက်မွေးပညာ အကြိုသင်တန်းများ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့အထိ ၃ ရက်ကြာ သင်တန်းသား၊ သင်တန်းသား (၂၀) ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)