မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၆

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မန္တလေးပညာရေး ဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၅)ရက်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား ၁၂၅၂ ဦး နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံနေသည့် လူ့စွမ်းအားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့်အားကစား ကဏ္ဍမြှင့်တင်ရေးအတွက် အဖက်ဖက်မှ ဖြည့်တင်းဆောင်ရွက်ပေးနေပြီး ပညာရေးနှင့်အားကစား ပေါင်းစပ်သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးနေပါကြောင်း၊ ဘက်စုံထူးချွန်သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးသည့် ဆရာ၊ ဆရာမများ ဖြစ်လာတော့မည့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်တိုင်ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သူများဖြစ်အောင်၊ အားကစားမှာ ကာယအင်အားနှင့် ဉာဏ်ရည်ကိုအ သုံးချပြီးလှုပ်ရှားရသည့် ယှဉ်ပြိုင်မှုဖြစ်ပြီး ပညာရည်မြင့်မားရေးနှင့်အတူ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေး စင်အားကစားသမားများဖြစ်လာသည်အထိ ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ကျောင်းအုပ်ကြီးတို့က အားကစားပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်းများ ရွတ်ဆိုကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားအသင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပန်းပွားအက၊ Zumba အက၊ အေရိုးဗစ်အကတို့ဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းနှင့် ၇၈ နှစ်မြောက် ပြည်ထောင်စု နေ့အကြို မန္တလေးပညာရေးဒီဂရီကောလိပ်တွင်ကျင်းပသည့် ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် အားကစား နည်း ၁၆ မျိုး ပါဝင်ပြီး  အားကစားနည်းအလိုက် သတ်မှတ်အားကစားကွင်းများ၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်