နမ့်စန်မြို့ မိုင်းစိတ်ကျေးရွာအုပ်စုတွင် တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များပေးအပ်

နမ့်စန်(တ) ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ကျင်းပပြုလုပ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီ က မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကျော်ဦးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကျော်ဦးနှင့် မိုင်းစိတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနောင်ဦးတို့က စံခမ်းကျေးရွာနှင့် မိုင်းစိတ်ကျေးရွာတို့ရှိ တောင်သူ (၄၄)ဦးအတွက် လယ် (၁၈၃.၅၆)ဧကနှင့် ယာ(၂၃.၃၀)ဧကစာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ခဲ့ရာ တောင်သူများကလက်ခံရယူခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။                                                    

သူရအောင်(နမ့်စန်)