သတင်းများ

ထားဝယ်မြို့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပ
Feb 06,2025
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Feb 06,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Feb 06,2025
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်( ကျောက်ဆည်)တွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနနှင့် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး (ကျောက်ဆည်)မြို့တို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အောင်ဆန်းခန်းမတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၊ ပြည်သူ့ဆေးရုံ၌ ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizerထိုးနှံပေး
Feb 06,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌   ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောင်းအားကစားခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
လိပ်သိုဒေသတွင် တံမြက်စည်းများ နေ့စဉ်ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 06,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံများမှာ မိမိတို့ဥယျာဉ်ခြံများ၊ တောင်ယာခင်းများမှ အလေ့ကျပေါက်ရောက်သော တံမြက်စည်းများကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော် စိုက်ပျိုးပြီးစီး
Feb 06,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံကို အ‌ဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျုံပျော်တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအရ သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက်တော်မူကြသော မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူစေခြင်း၊ အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားအား ကျုံပျော်မြို့နယ်၊ အင်းရဲလမ်း၊ အောင်ဆန်း ရပ်ကွက်ရှိ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။