စလင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

စလင်း ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးစလင်း သွားကားလမ်းမပေါ်ရှိ  မီးပွိုင့်လမ်းဆုံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် တာဝန်ရှိသူများက စိုက်ထူခဲ့ကြသည်။

အဆိုပါ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက မြေစိုက်ပိုသတာအား စိုက်ထူခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ပြည်ထောင်စု အဆောက်အဦများ ပြည်ထောင်စုတိုင်းရင်းသား  လူမျိုးများ၏ ပြည်ထောင်စုအထိမ်းအမှတ် ကျောက်တိုင်ပါရှိသော ပိုစတာအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စိုက်ထူပေးကြကြောင်း သိရသည်။

(မောင်လွင်)စလင်း