နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 06,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်းလင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက အောင်ဆန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။