သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Feb 06,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ခေနန်၊ ကွင်းပေါက် ကျေးရွာအုပ်စုတို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စုနှင့် ကွင်းပေါက်ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကူအညီရယူရေး အသိပညာပေး‌ဆွေးနွေးဟောပြော‌
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက စာသင်သားများ၏ဘေးအန္တရာယ် ကာကွယ်ရေးနှင့်အကူအညီရယူရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက ကျုံပျော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်းဆန်းခန်းမရှိ စဉ်ဆက်ပညာရေးလုပ်ငန်း ဆင့်ပွား သင်တန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀း၀၀)နာရီအချိန်က အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးတာဝန်ခံ ဦးသန့်ဇင်ထွန်းမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရပ်ရွာမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ပြည်သူပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် စုပေါင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Feb 06,2025
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ် ဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတွင် တင်းနစ်အားကစားပြိုင်ပွဲများ ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။
ဆိပ်ဖြူမြို့နယ်ရှိ နိုင်ငံစီးပွားအထောက်အကူပြု MSME လုပ်ငန်းဖြစ်သည့် “ဖြိုးကြွယ်” ပျားရည်စမ်းပေါင်မုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှုများ
Feb 06,2025
မေး။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ထုတ်လုပ်ရေးလုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်လာခဲ့တယ်ဆိုတာကို သိပါရစေ။ ဖြေ။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ထုတ်လုပ်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှစတင်ပြီ ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်စွာစားသုံးနိုင်ရန်နှင့် လူတိုင်းနေရာဒေသမရွေး အသင့်စားသုံးနိုင်စေဖို့ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာတော့ ခေတ်မီစက်ပစ္စည်းတွေနဲ့ လုပ်သားအရေအတွက်(၈)ဦးနှင့် ပုံမှန်လည်ပတ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Feb 06,2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအေဝးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။