အင်္ဂပူ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ထူးကြီးမြို့၊ အ.ထ.က(ခွဲ)ဘုရားငုတ္တိုကျောင်းတွင် ယမန်နေ့နေ့လည်ပိုင်းက မီးဘေးလုံခြုံရေး အသိပညာပေးဟောပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အ.ထ.က(ခွဲ)ဘုရားငုတ္တိုကျောင်း ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးအသုံးပြုပုံများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မီးသတိမူရေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း၊ ထူးကြီးနယ်မီးသတ်စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)