နမ့်စန်မြို့၊ အမှတ် (၄) ကျေးရွာတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများတွေ့ဆုံ

နမ့်စန်(တ) ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၄) ကျေးရွာရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက် ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ စိုက်ပျိုးရေး၊ မီးဘေးလုံခြုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များနှင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်မည့်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာနေ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ် (၅) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနှင့် ကျေးရွာ (၈) ရွာမှ ကျေးရွာတာဝန်ခံများ၊ အမှတ် (၄) ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)