တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်တွင်းကြီး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre)ခန်းမ၌ ယမန်နေ့ နေလယ်()နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဒေါ်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြုလုပ်မည့် အစီအစဥ်များတွင် ပါဝင်သည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ပြပွဲ၊ပြိုင်ပွဲများ ကျင်းပမည့် နေရာများ ရွေးချယ်သတ်မှတ်ထားသည့်နေရာများကို ရှင်းလင်းတင်ပြခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများစသည်တို့ကို အမှတ်ပေးစည်းမျဥ်းများ၊ စာဖတ်ရှိန်မြှင့်ရေးပွဲတော်နှင့် ပတ်သတ်သည့် ခေါင်းစဥ်များနှင့် လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်း၊ စာအုပ်အရောင်းပြခန်းများ၊ ပန်းချီပြခန်း၊ အားကစားပြိုင်ပွဲများ စသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများနှင့် အဆိုပါအခန်းများတွင် ဆရာ၊ ဆရာမထားရှိရန် ရွေးချယ်သတ်မှတ်ခြင်း၊ ပြိုင်ပွဲများတွင် အမှတ်ပေးစစ်ဆေးမည့် ဆရာ၊ ဆရာမများ ရွေးချယ်သတ်မှတ်ခြင်း၊ ပြိုင်ပွဲကျင်းပမည့် စာသင်ခန်းများအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန် စာရေးဆရာများ ဖိတ်ကြား၍ စာပေဟောပြောပွဲများလည်း ထည့်သွင်းပြုလုပ်နိုင်ရေးတို့နှင့် ပတ်သတ်၍ ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ပညာရေးမှူး၊ (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်ကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် သက်ဆိုင်ရာတာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)