စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောပျိုးပင်များစိုက်ပျိုး

စစ်ကိုင်း ဇူလိုင် ၁၀

အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ငှက်ပျော စိုက်ပျိုးနည်းစနစ်များ၊ ရှင်သန်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ရမည့်နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများမှ ငှက်ပျောပင် (၁၁၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)