ရွှေတောင် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်ဇွန်ကျေးရွာ ကွင်းအမှတ် (၄၂၁)၊ မင်းရွာကွင်းရှိ တောင်သူ ဦးခင်အေးနိုင်၏ မိုးစပါးစိုက် လယ်မြေတွင် ရေဆင်းပေါ်ဆင်း- ၁ စပါးမျိုးအား လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးမှု တောင်သူလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လက်တွေ့သရုပ်ပြရာတွင် ရေဆင်းပေါ်ဆင်း- ၁ စပါးမျိုးအား လက်ဆွဲကောက်စိုက် (Drum Seeder)ဖြင့် လက်တွေ့တောင်သူ သရုပ်ပြစိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာနမှ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများအား အချိုးကျရောနှောအသုံးပြုရန်၊ စိုက်နည်းစနစ် မှန်ကန်ရေး တို့အားတောင်သူများမှ လက်တွေ့ သိရှိလိုက်နာဆောင်ရွက်သွားရန် တာဝန်ရှိသူ အဆင့်ဆင့်တို့က စဉ်ဆက်မပြတ် မြေပြင်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)