မိုင်းပန်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

မိုင်းပန် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က ကျောင်းသား/သူများအား အာဇာနည်နေ့သမိုင်းအကျဉ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာရခြင်း၏ အကြောင်းအရင်းများနှင့် အာဇာနည်အကြောင်းသိကောင်းစရာများကို ကျောင်းသား/သူများ ဟောပြောခဲ့ပြီး နှံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။                                                            

မြို့နယ်(ပြန်/ဆက်)