ဒက္ခိဏသီရိမြို့နယ်၌ တီဘီရောဂါကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၇ ရက်နေ့က အုန်းတောဘုန်းကြီးကျောင်းနှင့် ဒက္ခိဏရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ဒေသခံပြည်သူများအား တီဘီရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ တီဘီရောဂါ သံသယရှိသူများနှင့် ရောဂါဖြစ်ပွားသူများကို လိုအပ်သည့် စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)