ဂန့်ဂေါမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်
Aug 26,2020
ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်က ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီ တွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ အသိပေးကြေညာကြသည်။