ပုလောမြို့နယ်တွင် ပုံစံ(၃)၊ ပုံစံ(၄)၊ပုံစံ(၄−ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများဆောင်ရွက်

ပုလော သြဂုတ် ၂၆

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီသို့ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၀)မှ တင်သွင်းလာသည့် ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်များကပ်ထားပြီး၊ ၂၁ ရက်ပြည့်မြောက်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၀) ခုမှ တင်ပြလာသည့် မိမိအမည်စာရင်းတွင် မပါ၀င်ပါက ပုံစံ (၃) ဖြင့် တင်သွင်းရန်တောင်းဆိုခြင်း၊ မပါ၀င်သင့်သူများပါ၀င်ပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄−ဂ)တို့ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများအား စိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့၀င်များနှင့် ဌာနဆိုင်ရာများမှ မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်းများကို အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)