ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုး ချိန်ထက်စော၍စိုက်ပျိုး

ဟိုပုံး     ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စတော်ဘယ်ရီ စိုက်ပျိုး တောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုးချိန်ထက်စော၍ စိုက်ပျိုးလျက်ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူ ဦးထွန်းစိန်က ပြောကြားခဲ့သည်။

စတော်ဘယ်ရီစိုက်ပျိုးရာတွင် တစ်ဧကလျှင်အပင်ပေါင်း ၆သောင်း မှ ၇သောင်းအထိ စိုက်ပျိုးပြီး  မြေပြင်ခြင်း၊  မြေဩဇာ၊ အလုပ်သမား၊ ပိုးသတ်ဆေးဖိုးများ အပါဝင် စုစုပေါင်း (၁၀)သိန်းခန့်ကုန် ကျကြောင်းတောင်သူများအနေဖြင့် ထိုင်ဝမ်လိပ်ပြာမျိုး၊ ဂျပန်မျိုးနှင့် ဒေသမျိုးတို့ကို စိုက်ပျိုးလျက် ရှိပြီး စတော်ဘယ်ရီ စိုက်ပျိုးရာ တွင် ဒေသအလိုက်သင့်လျော်သော အထွက်နှုန်းကောင်းသည့်မျိုးများ ရွေးချယ်စိုက်ပျိုး ကြရာ ယခုအခါ ဈေးကောင်းရရှိရန်အတွက် ဇူလိုင်လတွင် ဧကပေါင်း (၁၀) ဧက စတင် စိုက်ပျိုးပြီး နိုဝင်ဘာလ ခူးဆွတ်ချိန်တွင် ဈေးပေါလျှင် တစ်ခြင်း(၁၅၀၀)ကျပ်ရရှိပြီးဈေးကောင်းရ ချိန်တွင်တစ်ခြင်း( ၆၀၀၀)ကျပ်အထိ ရရှိကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းနှင့် ဝန်ထမ်းများက စတော်ဘယ်ရီ စိုက်ပျိုးတောင်သူကို စနစ်တကျ စိုက်ပျိုးတတ်စေရန်နှင့် ပိုးမွှားကင်းဝေးစေရန် အတွက် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)