မြဝတီမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်များ ပြသ

မြဝတီ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်များကို ပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များတွင် လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူ သိရှိလေ့လာရေးအတွက် ရည်ရွယ်ပြီး  လူကုန်ကူးမှုမခံရစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန်၊ လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြရန်၊ လူကုန်ကူးသူတို့သည် မိမိတို့၏ အားနည်းချက်များအပေါ် အခွင့်အရေးယူတတ်ကြောင်း၊ လူကုန်ကူးခြင်းသည် အမျိုးသမီးနှင့်ကလေးများတွင်သာ ဖြစ်ပွားသည်မဟုတ်ဘဲ အမျိုးသားများလည်း လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်၍  အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ ပိုစတာများ၊ ပြစ်မှုပြစ်ဒဏ်များပါရှိသည့် စာအုပ်စာစောင်များနှင့် လူကုန်ကူးမှုဖြစ်ပွားစေနိုင်သည့် သိကောင်းစရာများကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်