ရွှေပြည်သာမြို့နယ်တွင် သိမ်းဆည်းခံတောင်သူ(၂၇)ဦးအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ မြေယာလျော်ကြေး ကျပ်သိန်းပေါင်း(၂၅၇၄၄၂) သိန်းပေးအပ်

ရွှေပြည်သာ ဩဂုတ် ၂၆

ရန်ကုန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံ စက်မှုဇုန် ဧရိယာမှ သိမ်းဆည်းလယ်ယာမြေများအတွက် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် အမှတ်(၉)သစ်စက် အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြေယာလျော်ကြေးအဖြစ် တဧကလျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် (၂၅၇.၄၄၂)အတွက် ကျပ်သိန်းပေါင်း (၂၅၇၄၄၂)သိန်းအား တောင်သူ(၂၇)ဦး ထံပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးသိန်း၊ စီမံခန်ခွဲရေးကော်မတီဥက္ကဋ္ဌ  အထွထွေမန်နေဂျာ ဦးညီညီထွန်း၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမိုးကျော်အောင်နှင့်တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)