သတင်းများ

တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၃)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် ယာယီပျံကျစျေးများအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း(mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 26,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် ၉:၃၀ အချိန်ခန့်က စမ်းချောင်းမြို့နယ် အတွင်းရှိ ယာယီပျံကျစျေးများဖြစ်သည့် မြင့်မိုရ်လမ်းစျေး၊ ရန်ပြိုလမ်းစျေး ဘအောင်တော်မူလမ်းစျေး နှင့် မြသီတာလမ်းစျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မိုးကုတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Aug 26,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးပြုလုပ်
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
မြိတ်မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးကွင်းဆင်းစစ်ဆေး
Aug 26,2020
မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများကို ပူးပေါင်း၍ အဖွဲ့ (၈) ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဘုရားသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေး အသံချဲ့စက်များဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ရပ်ကွက်အတွင်းသို့ အသံချဲ့စက်များဖြင့် ယမန်နေ့ညနေ ၅ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိရေး စိစစ်ဆောင်ရွက်
Aug 26,2020
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု(၅၁)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Aug 26,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။