တွန်းဇံ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေး

တွန်းဇံ  ဩဂုတ် ၂၆

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မဲစာရင်းတိကျ မှန်ကန်မှုရှိရေး ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က  ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

တွန်းဇံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်သည် အခြေခံဆန္ဒမဲစာရင်း တိကျ မှန်ကန်မှု ရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်မဖွဲ့ခွဲတို့၏ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် မဲစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို သွားရောက်စစ်ဆေးပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ပထမအကြိမ် ထုတ်ပြန်ထားသော စာရင်းတွင် ပါဝင်ခြင်းမရှိသူများ၊ တစ်ခြားမြို့နယ်မှ ပြန်လည်ရောက်ရှိ လာသူများနှင့် လုပ်ငန်းကိစ္စဖြင့် တစ်ခြားမြို့များသို့ ရောက်ရှိကြမည့် စာရင်းများအား အတိအကျ စာရင်းကောက်ယူခြင်း၊ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသူများကို ပါဝင်ခွင့်ရရှိရေး အတွက် ပုံစံ(၃)ဖြင့် ပြန်လည် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများကို တွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းများပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် အချိန်မီ ပြန်လည် ပြင်ဆင်လျှောက်ထားနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရှိအဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေးခြင်းကို တွန်းဇံမြို့၊ ကျီခါးမြို့၊ တွီးတူမ်း ကျေးရွာနှင့် ဇမ်ပီးကျေးရွာရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရှိ အဖွဲ့ဝင်များမှ မြေပြင် ကွင်းဆင်း ဆောင်ရွက်မှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကွင်းဆင်းကြပ်မတ်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)