ဂန့်ဂေါမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်

ဂန့်ဂေါ သြဂုတ် ၂၆

ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်က ဂန့်ဂေါမြို့နယ် အနောက် ဂန့်ဂေါကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်း ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ အသိပေး ကြေညာကြသည်။

ထို့ပြင် မိုးရာသီတွင် ဖြစ်ပွါးတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင နိုင်ရေး အသိပေး လက်ကမ်းစာစောင်များကိုလည်း လူနေအိမ်များအရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

တောင်သားမောင်သန်း