ဒေါ့ဖုန်းယန် သြဂုတ် ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် တိုးပွားရေးနှင့် စာပေချစ်သူများ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့စာကြည့်တိုက်သို့လာရောက် လှူဒါန်းကြသည်။
မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်အိအိဖြူက ပြည်သူ့စာကြည့်တိုက်တွင် စာအုပ် စာစောင် တိုးပွားရေးနှင့် စာဖတ်ပရိသတ်များ၊ စာပေ ဗဟုသုတများ ပိုမိုလေ့လာနိုင်စေရန်ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းကို ပြောကြားသည်။
အဆိုပါ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက စာအုပ်စာစောင်များကို လက်ခံရယူခဲ့ပြီး စာကြည့်တိုက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာရင်းရေးသွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)